Phone: (+959) 50 69 110, (+951) 584 717

မင်္ဂလာအေးကျောင်းတိုက် ဖြစ်ပေါ်လာပုံ

၁၉၆၉-ခု၊ မေလ(၉)ရက်နေ့က သထုံမြို့သို့ ရောက်ရှိခဲပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး တင်လှ မိဘများအိမ်မှာ ဆွမ်းခံကြွကာ ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်ရင်း ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများကို သထုံမြို့မှ အောင်မြင်ခဲ့ပါသည်။

၁၉၈၂-ခုနှစ်တွင် ဓမ္မာစရိယတန်းကို မေဒိနီကျောင်းတိုက် ရန်ကင်းမြို့နယ် ရန်ကုန်မှ အောင်မြင်ခဲ့ပါသည်။ ၁၉၈၆-ခုနှစ်၊ နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ် ရန်ကုန်သို့ ရောက်ရှိခဲ့ပါသည်။

၁၉၉ဝ-ခုနှစ်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တင်လှထံ ကျောင်းမြေကွက် လှူဒါန်းရန် မေတ္တာရပ်ခံခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး တင်လှမှ တဆင့် ဗိုက်ချုပ်မှူးကြီး စောမောင်အား တင်ပြခဲ့ရာ မြေကွက် ရရှိခဲ့ပါသည်။

၁၉၉၃-ခုနှစ်မှစ၍ ‘‘မင်္ဂလာအေးစာသင်တိုက်’’ကို တည်ထောင်ကာ ပရိယတ္တိ စာပေများကို သင်ကြား ပို့ချခဲ့ပါသည်။ သာသနဓဇ ဓမ္မာစရိယ ပုဂ္ဂိုလ်များ၊ ကြီး-လတ်-ငယ်-မူ အောင်မြင်သော သံဃာများ များစွာ ပေါ်ထွန်းခဲ့ပါသည်။

(၁.၇၅)ဧကရှိ မြေကွက်ပေါ်တွင် သိမ်တော်ကြီး၊ ဆွမ်းစားကျောင်း၊ စာသင်ခန်းမ၊ စာသင်သံဃာများ သီတင်းသုံးရန်အဆောင်များ၊ ထို့အပြင် ဧည့်ပရိတ်သတ် ၁ဝဝဝ ခန့်ဆန့်သည့် တရားနာခန်းမကြီး ၂-ခု ပါရှိသော ‘‘သဗ္ဗမင်္ဂလာ ကျောင်းတော်ကြီး’’ ကိုလည်း တည်ဆောက်နေပါသည်။

အလျားပေ - ၁၀၀၊ အနံပေ - ၆၀ RC နှစ်ထပ်ကျောင်းတော်ကြီး ကြွေပြားကပ်နေပါပြီ ၁၀ ပေ ပတ်လည်ကျင်းပေါင်း ၁၀၀ ခန့်ကုန်ကျပါမည်။

တစ်ကျင်းလျှင် (၁၀၀၀၀၀) တစ်သိန်းကျပ်နှင့် ၁ - ပေ ပတ်လည်လျှင် (၁၀၀၀) တစ်ထောင်ကျပ်ဖြင့် ပါဝင် လှူဒါန်းနိုင်ပါသည်။

တိုက်ကြပ်ဆရာတော်ဦးစန္ဒိမာ
မင်္ဂလာအေးကျောင်းတိုက်
တပင်ရွေထီးလမ်း၊ ၃၈-ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်း = ဝ၁-၈ဝ၁ဝ၈ဝ၂၊

20190426-invidation-card

20180817-invidation-card-02

20180817-invidation-card-01

invitation-20220702-01

invitation-card-03

invitation-card-04

20190612-invitation-card

20190612-invitation-card-01

Mingalaraye Monastery

38 Quarter, Tapin Shwehtee Street, North Dagon Township, Yangon, Myanmar.
Phone : (+959) 50 69 110, (+951) 584 717
Email : mingalaraye33@gmail.com

facebook

Top of Page